အနမ်းပင် မပျိုးလေနဲ့
အလွမ်းပင်တွေ
ရိုးမယ်ဖွဲ့မှာစိုးတယ်
နွမ်းရက်တွေ မရှည်ကြာလိုဘူး မောင်
လေအဝှေ့မှာ ကြွေဆင်း
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
ရင်မအေး တဲ့ ဘ၀မျိုး
တကြိမ်တခါ .. မောင်များ
ကြုံဖူးလေသလား
တသက်တခါ ခုန်ဖူးတဲ့ ရင်
တစုံတရာ ထူးခြားမလာဘူးဆိုရင်တောင်
ရူးသွားလောက်အောင်
ချစ်ဖူးသွားတာပါ .. !
မောင်က .. ခံစားချက်တွေ
ကျောခိုင်းနေတတ်သူလား
နားမလည်သူလား
ရင်ပူအောင် တွေးခဲ့ရသူပါ
တကယ်တမ်း ဝေးကြမယ်ဆို
နှုတ်ဆက်မလေနဲ့တော့
ကျမမျက်ဝန်းတွေ
မိုးစွေ နေမှာစိုးတယ် ..
ထွက်မသွားပါနဲ့လို့ မတားရက်ဘူး
ပြန်လာမှာကိုတော့ မျှော်လင့်မိသူပါ
လွမ်းသူ့ ခေါ်သံတွေကြား မှာ
မောင်တယောက် တွေဝေနေဦးမှာလား ...
Saturday, May 9, 2009
Subscribe to:
Post Comments (Atom)
5 comments:
ဒီမှာတော့ မှတ်ချက်မပေးပါရစေနဲ့ သာမီးဒေါ်။
ခေါင်းစဉ်ဖတ်ရတာ ကျောချမ်းလွန်းလို့။
တသက်တခါ ခုန်ဖူးတဲ့ ရင်
( နှလုံးကို ရှော့ရိုက်လိုက်လေ နောက်တစ်ခါ ထပ်ခုန်မလားလို )
ခရေလေးတွေ မြင်တတ်ခဲ့ရင်
ခြေနင်းလို့ သွားလေမလား
( အနင်းမခံစေချင်ရင် စောစောစီးစီး ကောက်ထားနော်... )
အဟီး ခံစားချက်နဲ့ ရေးတာမှန်သမျှ လိုက်နောက်နေတယ်....
ချိတ်ချိုးနဲ့နော်.......
မကြီးရဲ့ ဒီတောက်တိုမယ်ရကဗျာတော့ ကြိုက်ဘူး..ဟီး..
မောင်ဆိုတာ ကြီးကို ကြိုက်ဘူးး တွေဝေနေလား ဗလာဗလာပေါ့..
နောက်ကို မောင်လို့မသုံးနဲ့နော်..သိရား..ဟီး..
မ တွေဝေ ပါဘူး မ ရယ်..... မောင် မတွေဝေ ဘူးနော် သိလား..
ရေကစီးချင်နေပြီ။ မြောင်းကမလာသေးဘူး။ သုခပဲ
Post a Comment