Tuesday, September 30, 2008

ဒီကောင်မလေးရဲ့ရင်ထဲ

Tuesday, September 30, 2008
ချစ်သူ.. ဒီက
မင်းအပြုံးလေးတွေ မြင်တိုင်း
စိတ်တွေ မခိုင်
ယိုင်လဲသွားတတ်ခဲ့တဲ့
ကောင်မလေးပါ


မင်းမျက်ဝန်းနဲ့ဆုံလိုက်တိုင်း
ယိုင်လဲလို့
ရင်ခုန်သံတွေ ဒုန်းဆိုင်းနေခဲ့တဲ့
ကောင်မလေးပါ

ဘယ်အရာကိုမှ မမျှော်လင့်ရဲ
နိုးတဝက်အိပ်မက်တွေ နဲ့
ခံစားချက်တွေ ဘောင်ခတ်ထားခဲ့တဲ့
ကောင်မလေးပါ ..

တခါတရံကျ ငါအမြတ်နိုးဆုံးနင့်ရင်ထဲ
ဘယ်သူများ ရှိနေမလဲ
အတွေးလေးနဲ့ ဝမ်းနည်းနေတတ်ခဲ့တဲ့
ကောင်မလေးပါ ..

အပြုံးသက်သက်နဲ့ပေးဆပ်
အရှုံးသက်သက်ချည်း ရလာဒ်ပါဆိုလဲ
ရင်ကွဲခံလို့ချစ်နေဦးမယ့်
ကောင်မလေးတယောက်ဆိုတာ
မင်းသိနိုင်ခဲ့ရင်...

1 comments:

Anonymous said...

ရည်ရွယ်သောသူ သိနိုင်ပါစေ ချာမရေ
ကဗျာလေးက မိုက်တယ်