Saturday, July 12, 2008

ချစ်တာ အပြစ်လား ???

Saturday, July 12, 2008
ရိုးစင်းတဲ့ မင်းအကြည့်တွေမှာ
တဖက်သတ်မျှော်လင့်ချက်တွေ
ကိန်းဝပ်မိတာ
ငါ့အပြစ်တွေလား




ချိုသာတဲ့ မင်းစကားသံတွေမှာ
တိတ်တိတ်လေး
ပျော်ဝင်ခဲ့မိတာလည်း
ငါ့အပြစ်တွေပါပဲ

မင်းပေးဆပ်ခဲ့သမျှ စေတနာတွေမှာ
မြတ်နိုးစွာ
ကျေနပ်ရင်ခုန်မိခဲ့တာလည်း
ငါ့အပြစ်တွေပါပဲ

မထင်မှတ်ပဲ ချစ်မိသွားခဲ့တာလည်း
အပြစ်လို့ ဆိုခဲ့ရင်
အဲ့ဒိအပြစ်တွေ ကို
ကျေနပ်စွာ ကျူးလွန်သူဟာ
ငါ ပဲ ဖြစ်ပါရစေတော့

4 comments:

Anonymous said...

အဟမ်း အဟမ်း ဒီချာမ ဘာတွေ ပေါက်ကွဲနေတာလဲ သိနေတယ်နော် :P နောက်တာပါ ဒီနေရာလေးကို အရမ်းကြိုက်တယ်
''မထင်မှတ်ပဲ ချစ်မိသွားခဲ့တာလည်း
အပြစ်လို့ ဆိုခဲ့ရင်
အဲ့ဒိအပြစ်တွေ ကို
ကျေနပ်စွာ ကျူးလွန်သူဟာ
ငါ ပဲ ဖြစ်ပါရစေတော့''
တိုက်ဆိုင်မှုတွေ ရှိနေတယ်နော် ချာမ

Anonymous said...

ဘာပဲ ပြော ပြော မောင် မင်း မှာ အ ပြစ်ရှိကြောင်း ၀န် ခံတဲ့ အတွက် မောင် မင်း ကို...မျှော်လင့်ချက်တွေ ကိန်းဝပ်မိတာတွေ... တိတ်တိတ်လေး ပျော်ဝင်ခဲ့မိတာတွေ...မြတ်နိုးစွာ
ကျေနပ်ရင်ခုန်မိခဲ့တာ တွေ...မထင်မှတ်ပဲ ချစ်မိသွားခဲ့တာ တွေ ကို ...နောက် နောက် ဘယ် တော့ မှ မ လုပ် တော့ ပါ ဘူး လို့ ၀န်ခံ က တိ ပေး ရ မယ်...ဒါပဲ....

lapyae said...

သူငယ်ချင်းချစ်အိမ်ငယ်ရေ.....နင်ကဗျာတွေကို ဖတ်သွားတယ်ဟေးးး....ကဗျာတွေက အရမ်းကောင်းပါတယ်...
ဆက်ကြိုးစားပါ...(ကြိုးခွေတွေကုန်ရင်ပြောနော်...၀ယ်ပေးမယ်)..အဟီး....

nightbird said...

ကြိုက်တယ်ဗျာ ... ဒီကဗျာလေးကို ... နောက်ဆုံး အပိုဒ်လေးက အမိုက်ဆုံးပဲ